ဇွန် ၂၅ ရက် ဗုဒ္ဓဟူးနေ့မနက်သတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-၁၂ ရက်ကြာ စစ် အပစ်ရပ်သွားပြီဟု ထရန့်ကပြောပြီး နာရီပိုင်းအကြာမှာပင် အီရန်အသံလွန်မစ်ဇိုင်းများ အစ္စရေး ဘီယာရှီဘာမြို့သို့ကျရောက်ခဲ့၍ အချက်ပေးဥသြဆွဲချိန်မရလိုက်ဘဲ ၃ ယောက်သေ အများအပြားဒဏ်ရာရသည် ၊ ကာတာ အခြေစိုက် ကန် စစ်စခန်းကိုလည်း မစ်ဇိုင်း ၆ လုံး ပစ်ခတ်ခံရရာ ပစ်ချနိုင်ခဲ့သည်ဆို၏ ၊ အစ္စရေးတိုက်လေယာဥ်များကလည်း အီရန် ရေဒါအချို့ကိုပစ်ခတ်ခဲ့သည်ဆိုသည် ၊ သိုသော် အပစ်ရပ်ရေးဆက်လက်ဆောင်ရွက်ကြပါ ၂ ဘက်လုံးကို ဘုရားသခင်စောင့်လျှောက်ပါစေဟု ထရန့်က ဆုတောင်းပေးခဲ့သည်။

-မလေးရှားအကျဥ်းထောင်များတွင် ခိုးဝင်မြန်မာများအား အင်္ကျီချွတ်၍ရိုက်ခြင်း လိင်အကြမ်းဖက်ခံရခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဖိုတီဖိုင်းရိုက် အဖွဲ့ကပြောသည်။

-ဗီယက်နမ်တွင် အရာရှိတစ်ဦးသည် ကီလိုဂရမ် ၆၀ လေးသော ခရီးဆောင်အိပ် ၂ လုံးကိုသယ်ဆောင်လာစဥ် မသင်္ကာ၍စစ်ဆေးရာမှ ငွေစက္ကူများဖြစ်နေ၍ အရာရှိ ၃၀ ၊ အပြင်လူ ၁၁ ယောက် ၊ ပေါင်း ၄၄ ယောက်ပါသော ဒေါ်လာ ၄၄ သန်းတန်လာဘ်စားမှု့ပေါ်လာသဖြင့် စစ်ဆေးနေသည် ၊ ၎င်းတို့သည်အစိုးရ ၏ အကြီးစားကန်ထရိုက်လုပ်ငန်းများကို တင်ဒါချပေးသူများဟုဆိုသည်။

-မြန်မာနှင့်နယ်စပ် ထိုင်းနိုင်အတွင်း ထိုင်းကင်းလှည့်အဖွဲ့နှင့် မူးယစ်သယ်ဆောင်လက်နက်ကိုင်အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ဆေးပြား ၂ သိန်းပါကြောပိုးအိပ် အလုံး ၃၀ ပေါင်း ဆေးပြား ၆ သန်း ဖမ်းမိပြီး UWSA အဖွဲ့ဟု ထိုင်းကဆိုသည်။

ပြည်တွင်းထူးခြားသတင်းများ

-တဖြေးဖြေးနောက်ဆုတ်နေရသော ပလောင်သူပုန်အဖွဲ့သည် နောင်ချိုလက်မလွှတ်ရရေးအတွက် မန်း PDF ၊ ဓနု PDF ၊ မောင်ဆောင်းခ၏ BPLA စသည်တို့အား ရှေ့တန်းတင် ခုခံနေရပြီး ရှမ်းသူပုန် SSPP က ပလောင်ကို နောက်ကဝင်တိုက်နေ၍ ဗျာများလျှက်ရှိသည် ။

-ဂန့်ဂေါခရိုင် ထီးလင်းအချုပ်ခန်းဖောက်ပြေးသောကြောင့် PDF ၁၂ ဦးလွတ်သွားသည် ။

-ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီး ရပ်ကွက် ၂ ၌ စစ်မှု့ထမ်းအတွက် ၁၅ ကြိမ်အထိမဲနိုက်ပြီးဖြစ်သော်လည်း ရပ်ကွက်အုပ်ကြီးမိသားစုနှင့် ၎င်းဆွေမျိုးများတစ်ခါမှမဲမပေါက်သောကြောင့် အလွန်ကံကောင်းသူများဖြစ်၍ တစ်ရွာလုံးပေါက်လည်း သူ့မိသားစုတော့ပါမှာမဟုတ် ဟု ဝေဘန်ခံနေရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် –

-နိုင်ငံတော်အကြီးအကဲသည် ဖိတ်ကြားချက်အရ အာရု ဥရောပ စီးပွားရေးဖိုရမ်တက်ရန် ဘိုင်လိုရု သို့ ဇွန် ၂၅ ယနေ့တွင်သွားရောက်မည်ဖြစ်ပြီး အပြန်တွင် ရုရှားသို့ဝင်၍ ဇွန် ၂၉ ၌ ပြန်ရောက်မည်ဟု ထုတ်ပြန်ထားသည် ။

Leave a Reply

Your email address will not be published. Required fields are marked *