-ဇွန်လ ၁၆ ရက် ၁၅၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်(ရ)ကျေးရွာတွင်နေထိုင်သော ကျော်လင်းထိုက်(ခ)ကျော်လင်း(၄၁)နှစ်သည် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် ငါန်းဇွန်မြို့နယ်၊ စီကောင်းကျေးရွာအလွန် တံတားဦးမြို့နယ်၊ သပြေကန်ကျေးရွာအနီးသို့ရောက်ရှိစဉ် အကြမ်းဖက် pdf အဖွဲ့ဝင် ကျား ၅ ဦးမှ လက်နက်ငယ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေသား(စိစစ်ဆဲ) တို့အား ယူဆောင်ထွက်ပြေးသွားခဲ့။
-ဇွန်လ ၁၆ ရက် ၀၈၃၀ နာရီတွင် ညောင်လေးပင်မြို့နယ်၊ ထင်းကုန်းရွာနေထိုင်သည့် ဦးသိန်းထွဋ်ဦး၏ နေအိမ်၊ ဦးကုလား၏ နေအိမ်နှင့် ဦးစန်းယု(၅၄)နှစ်၏ နေအိမ်များသို့ PDF အကြမ်းဖက် ၈ ဦးခန့်မှ ရောက်ရှိလာပြီး သေနတ်ဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းထွဋ်ဦး၏ နေအိမ်မှ မချောစုအောင်(၂၀)နှစ်သည် ဝဲမျက်လုံးအောက်ကျည်ဖောက်ဝင်၊ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာတို့ဖြင့် နေအိမ်အတွင်း သေဆုံးခဲ့ပြီး ဦးကုလား၏ နေအိမ်မှ သားဖြစ်သူ သိန်းမင်းလတ် (၃၄)နှစ်တွင် ဝဲလက်မောင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့။
