တပ်နှင့်ရဲ အယောင်ဆောင် လက်နက်ကိုင် လုယက် ဓားပြတိုက်နေတဲ့အဖွဲ့မိပြီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ လက်နက်များ ကိုင်ဆောင်ပြီး လုယက်မှု၊ ဓားပြတိုက်မှုများ ကျုးလွန်​နေသည့် တာချီလိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူးဖြစ်သူ အေးကိုကိုဦး (၃၂ နှစ် ) ဦးဆောင်သောအဖွဲ့ဝင် ၆ ဦးကို ဖေ​ဖော်ဝါရီ ၂၉ ရက်က ဖမ်းမိခဲ့ကြောင်း သိရပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ တို့တွင် တာချီလိတ်မြို့​ပေါ်ရှိ ရပ်ကွက်များ၌ တပ်၊ ရဲ ယူနီဖောင်းများဝတ်ဆင်၍ ကုန်စုံဆိုင်များတွင် လက်နက်ပြကာ ခြိမ်းခြောက် လုယက်ခဲ့ကြောင်း သိရပါတယ်။ # Crd