အကြမ်းဖက်လက်နက်ကိုင်/PDF များ ထောင်ထားသည့်မိုင်းကြောင့် ပြည်သူများ သေဆုံး/ဒဏ်ရာရ

-ဇွန်လ ၁၆ ရက်နေ့ ၀၆၄၅ နာရီတွင် သထုံ မြို့နယ်၊ ဒုံဝန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်မီးရထားလမ်း မိုင်တိုင်အမှတ်(၁၂၂)နှင့်(၁၂၃)အကြားတွင် အကြမ်းဖက်အဖွဲ့ KNU/PDF မှ ထောင်ထားသည့်လက်လုပ်မိုင်း ပေါက်ကွဲခဲ့သဖြင့် ဦးဝင်းသူ(၃၅)နှစ်၊ ထောင်မှူးကျေးရွာ၊ သထုံမြို့နယ်နေသူသည် ဝဲဘက်မျက်ခုံး အစထိမှန် ဒဏ်ရာ ၁ ချက်နှင့် ဦးဉာဏ်ဇော်ဦး(၃၆)နှစ်၊ ညောင်ဝိုင်းကျေးရွာ၊ သထုံမြို့နယ်နေသူသည် ဆီးခုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့။

-ဇွန်လ ၁၆ ရက် ၁၆၃၀ နာရီတွင် ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာ၊ ကျောက်ပုံဆိပ်လမ်းဆုံ၌ PDF အကြမ်းဖက် အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရတိုက်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရွှေကျင်မြို့နယ်၊ အင်းဂနီကျေးရွာနေ မင်းနိုင်ဦး(၃၂)နှစ်တွင် ယာခြေသလုံးမိုင်းစဖောက်ဝင်ဒဏ်ရာ၊ မတိုးတိုးလွင်(၃၆)နှစ်တွင် ယာခြေဖဝါးဖေါက်ဝင်ဒဏ်ရာ၊ မခိုင်လွင်ဦး(၁၇)နှစ်တွင် ဦးခေါင်းနောက် ဝဲဘက်ခြမ်း မိုင်းစဖောက်ဝင်ဒဏ်ရာ၊ ဝဲလက်မောင်းရိုးကျိုးဒဏ်ရာနှင့် မသင်းရတီထွေး(၃)နှစ်တွင် ယာလက်မောင်း ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့။

Leave a Reply

Your email address will not be published. Required fields are marked *