ဧရာဝတီက အောင်သော်တို့ သူတို့အဖွဲ့တွေ သတင်းလိမ်တွေတင်ဖို့ အခက်အခက်ဖြစ်နေတဲ့အတွက် တစ်ယောက်ကို ၅ ဒေါ်လာထည့်ဖို့ အလှူခံနေတာမြင်တော့ ငယ်ငယ်က ကြားခဲ့ဖူးတာလေးတောင် သတိရသွားတယ်…
ငယ်ငယ်က အဖိုးအဖွားတွေ ပြောတာ ပုပ္ပါးဘက်မှာလား ပုဂံဘက်မှာလား သေချာတော့မသိဘူး မျိုးရိုးစဉ်ဆက်တောင်းစားရတဲ့ သူတောင်းစားတွေ ရှိတယ်လို့ ကြားဖူးတယ်…
ဘုရင်ခေတ်က ကျိန်စာမိတဲ့အဖွဲ့တွေလို့သိရတယ်… သူတို့တွေက ပိုက်ဆံဘယ်လောက်ပဲရှိရှိ တစ်နှစ်ကို တစ်ခါလောက် သူတောင်းစားလို ဝတ်ဆင်ပြီး တောင်းစားရတယ်.. အဲဒီလိုမျိုး သူတောင်းစားလိုမဝတ်ဘဲ တောင်းမစားဘဲ နေလိုက်မိပြီဆိုရင် နူတယ်လို့ကြားဖူးတယ်… ဟုတ်ရင်လည်း ဟုတ်မယ်။ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့ဗျာ..
ကိုယ်တွေအသက်ကြီးလာတော့ ခေတ်ကာလရေစီးကြောင်းတွေပြောင်းပြီး အသိပညာတွေတိုးတက်လာလို့ထင်ပါတယ် သူတောင်းစားတွေသိပ်မရှိတော့ဘူး..
ဒါပေမယ့် ကျနော်အထင်တွေ လုံးဝမှားသွားခဲ့ပါတယ်။
သူတောင်းစားတွေ အဆင့်မြင့်ကုန်တာကို ကျနော်မသိလိုက်ဘဲ သူတောင်းစားတွေ ပပျောက်သွားတယ်လို့ ထင်ခဲ့တာ…အမှန်တကယ်က သူတောင်းစားတွေ ပိုတောင်များလာခဲ့ပါတယ်..
ခုဆိုရင် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သူတောင်းစားတွေ မှိုလိုပေါက်လာသလို သူတောင်းစားတိုင်းက မြန်မာငွေကျပ်တောင် တောင်းတာမဟုတ်တော့ဘဲ ဒေါ်လာမှ ဒေါ်လာဖြစ်ကုန်တယ်..
ယခုပုံမှာပါတဲ့ အခြေအနေကိုကြည့်ရတာ ဧရာဝတီက အောင်သော်တို့လည်း တောင်းချင်လို့တောင်းတာတော့ မဟုတ်လောက်ဘူး… ဘုရင်ခေတ်ကကျိန်စာမိပြီး မတောင်းရင် နူမှာစိုးလို့ တောင်းစားနေပုံရပါတယ်…
နူမှာကြောက်လို့ သူတောင်းစားလုပ်ပြီး ခွက်ခေါက်တာကို အပြစ်မပြောလိုပေမယ့် ၅ ဒေါ်လာလောက်ထည့်ပေးပါဆိုပြီး ကြေးသတ်မှတ်တာကတော့ သူတောင်းစားလောကကို တုန်လှုပ်သွားစေပါတယ်…
ဒီကိစ္စကို NUG က သူတောင်းစားဂိုဏ်းချုပ်တွေသိရင်လည်း အမြတ်တော်ရှဦးမယ်…
အကယ်၍ အောင်သော်တို့အနေနဲ့ သူတောင်းစားလုပ်သက်နုတယ်ဆိုရင် ပန်ဆယ်လိုလို့ အမည်ခေါ်တွင်တဲ့ အထင်ကရ သူတောင်းစားမကြီးတစ်ဦးထံမှာ သူတောင်းစားနည်းနာတွေကို သင်ယူဖို့အကြံပေးချင်ပါတယ်…
ခုခေတ် သူတောင်းစားများ တယ်ခက်သကိုး
Crd//မှိုင်းဝေ

