နစကဥက္ကဋ္ဌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် 

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ၏ ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားပါတယ်။
အဆိုပါ အစည်းအဝေးကို တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ဘန်ကောက်မြိုသို့ ရောက်ရှိမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *