မဲဆောက်စစ်‌ဆေးရေးဂိတ်တွင် မြဝတီမြိုရှိ ကျားဖြန့်လုပ်ငန်းများသို့ ပို့မည့် Starlink အင်တာနက်ပစ္စည်းများဖမ်းမိ

မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများသို့ ပိုဆောင်မည့် Starlink အင်တာနက်ပစ္စည်းများကို မတ်လ ၂၂ ရက် ညနေက ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်စစ်‌ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများထံမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရပါတယ်။

အဆိုပါပစ္စည်းများကို ချင်းမိုင်ခရိုင်မှ ယူဆောင်လာကာ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြိုမှတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြိုရှိ ကျားဖြန့်လုပ်ငန်းများသို့ပို့ဆောင်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *