ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၈ ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားယဉ်ကျေး မှုစင်တာနှင့် ကျောက်တန်းစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှု စင်တာ သို့ရောက်ရှိကြပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်၌ တာဝန်ရှိသူတစ်ဦးက စင်တာ၏ နောက်ခံသမိုင်းကြောင်း၊ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်၊ ဘဏ္ဍာနှစ်များအလိုက် …