တာဝန်ထမ်းဆောင်ဆဲ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားတာဝန်ရှိသူများကို အမေရိကန်သို့ လွှဲပြောင်းပေးရန် မေတ္တာရပ် ခံချက်များအတိုင်း ဆောင်ရွက်ခြင်းမပြုမီ ယင်းတာဝန်ရှိသူတို့ကို အမေရိကန်က မူးယစ်ဆေးဝါးမှောင်ခိုကူးမှု စွပ်စွဲချက်များ တပ်ထားခြင်းနှင့်ပတ်သက်၍ မငြင်းနိုင်သော အထောက်အထားကို ပေးရန် မက္ကဆီကိုနိုင်ငံက လိုလားနေသည်ဟု သမ္မတကလော်ဒီယာ ရှိန်းဘောင်းက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်တရားရေးဝန်ကြီးဌာနက မက္ကဆီကိုနိုင်ငံ၏ ဆီနာလိုအာပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသော တာဝန်ရှိသူများကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် ဧပြီ ၂၉ ရက်တွင် စွဲချက်တင်ခဲ့သည်။
နယူးယောက် တောင်ပိုင်းခရိုင်အတွက် အမေရိကန်အစိုးရ ရှေ့နေက ပြည်နယ်အုပ်ချုပ်ရေးမှူး ရူဘင်ရိုချာမိုယာ အပါအဝင်လူ ၁၀ ဦးကို အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါး ပမာဏ အများအပြား ဖြန့်ချိရန် ဆီနာလိုအာမူးယစ်ဆေးဝါးဂိုဏ်းနှင့်အတူ လုပ်ဆောင်နေသည်ဟု စွပ်စွဲကြောင်းပြောကြားခဲ့သည်။
ရှိန်းဘောင်း၏လက်ဝဲယိမ်း မိုရီနာပါတီ၏ပါတီဝင်ဖြစ်ပြီး ယခင်သမ္မတ၏ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရိုချာမိုယာသည် အကြမ်းဖက်မှုအများအပြားဖြစ်ပွားနေသော ဆီနာလိုအာပြည်နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက အုပ်ချုပ်နေသူဖြစ်သည်။
အသက် ၇၆ နှစ်အရွယ် မိုချာသည် ပြည် သူ့တာဝန်များကို ထမ်းဆောင်ခဲ့သည့် သမိုင်းကြောင်းရှည်ရှိသူဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင် ပြည်နယ်လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်ကာလများတွင် ဆီနာလိုအာ တက္ကသိုလ်၏အကြီးအကဲအဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်ကာလများတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှစ်ဦးအတွက် အကြံပေးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သူဖြစ်ကာ မိုရီနာပါတီအတွက် ပြည်နယ်ခေါင်းဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက စွဲချက်ကို ရည်ညွှန်းခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ရ၌ လူအများအပြားကို အမေရိကန်သို့ လွှဲပြောင်းပေးရန် မေတ္တာရပ်ခံချက်အား လက်ခံရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုကဲ့သို့ သောအမှုများကို နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီချက်များဖြင့် အများပြည်သူအတွက် ထုတ်ပြန်ပေးခြင်းမပြုဘဲလျှို့ဝှက်စွာကိုင်တွယ်ဆောင်ရွက်လေ့ရှိသည်ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“ရှေ့နေချုပ်ရုံးက မက္ကဆီကို ဥပဒေနဲ့အညီ ခိုင်မာပြီး မငြင်းနိုင်တဲ့ အထောက်အထားကို လက်ခံရရှိမယ်ဆိုရင် ဒါမှမဟုတ် မိမိဘာသာ စုံစမ်းစစ်ဆေးရာမှာ ပြစ်မှုမြောက်တဲ့ အချက်တွေကို တွေ့ရမယ်ဆိုရင် အမေရိကန်သို့လွှဲပြောင်းပေးပါဆိုတဲ့ မေတ္တာရပ်ခံချက်အတိုင်း ဆောင်ရွက်ပါမယ်” ဟု နံနက် ခင်းသတင်းစာရှင်းလင်းပွဲတွင် ရှိန်းဘောင်းက ပြောကြားခဲ့သည်။
အမေရိကန်ဘက်က ထုတ်ပြန်ကြေညာလာသည်ကို အမေရိကန်သံရုံးထံကန့် ကွက်စာပို့ထားသည်ဟု မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
“သက်သေအထောက်အထားကို ထုတ်မပေးပါက ဒါမှမဟုတ် အထောက်အထားကို ရှာမတွေ့ပါက အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့အဲဒီစွပ်စွဲချက်တွေရဲ့ရည်ရွယ်ချက် ဟာနိုင်ငံရေးနဲ့ဆိုင်သွားပါမယ်” ဟု မက္ကဆီကို သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။
ရိုချာမိုယာက ဧပြီ ၂၉ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခဲ့ရာတွင် အဆိုပါစွဲချက်များကို ပယ်ချခဲ့ပြီး သမ္မတဟောင်း အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ်အိုဘရာဒေါ တည်ထောင်သော မိုရီနာပါတီကို တိုက်ခိုက်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။
