တိဗက်ဒေသတွင် အင်အားပြင်းငလျင်လှုပ်ခတ်၊ လူ ၁၆ ဦး သေဆုံး၊ ၇၆ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နာချွီမြို့ရှိ ဘာချင်မြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက် ညပိုင်းက ပြင်းအား ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက်တွင် ပြောသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေသူများကို အမြန်ဆုံး ရှာဖွေကယ်ဆယ်ရန်နှင့် ဒဏ်ရာရသူများကို ဆေးကုသမှုပေးရန် ညွှန်ကြားထားသည်။

တရုတ်အစိုးရသည် အရေးပေါ် ကယ်ဆယ်ရေးအတွက် ယွမ်သန်း ၅၀ နှင့် ပျက်စီးသွားသော အခြေခံ အဆောက်အဦများ   ပြန်လည်တည်ဆောက်ရန်  ယွမ်သန်း ၃၀ ခွဲဝေချပေးထားသည်။

တရုတ်တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကယ်ဆယ်ရေးသမား ၃၅၀ နှင့် ယာဉ်  ၈၃ စီး စေလွှတ်ထားပြီး တဲ ၃၂၃၉ လုံး၊ ခေါက်ခုတင် ၂၈၂၁ လုံးနှင့် ခြုံစောင်အထည် ၄၂၈၀ အပါအဝင် အရေးပေါ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားကြောင်းသိရသည်။        Ref:Xinhua

Leave a Reply

Your email address will not be published. Required fields are marked *