အင်ဒိုနီးရှားရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ သေနတ်အလက် ၁၀၀၀ နီးပါးတွေ့ရှိမှု လုံခြုံရေးစိုးရိမ်မှု မြင့်တက်စေ

အင်ဒိုနီးရှားနိုင်ငံရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ သေနတ်အလက်ပေါင်း၁၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိရတဲ့အတွက်ဒီဖြစ်စဉ်ဟာ ကျောင်းသားတွေအတွက်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုကို မြင့်တက်လာစေပါတယ်။ ရဲတပ်ဖွဲ့က ဟာရာပန်အီဘူ အစ္စလာမ်မစ်ကျောင်းဖောင်ဒေးရှင်းပိုင်တဲ့ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရဲ့အခန်းတစ်ခန်းမှာ လေသေနတ် ၉၉၅ လက်နဲ့သေနတ်အစစ်တစ်လက်တို့ကို ဩဂုတ်လ၇ ရက်မှာရှာဖွေတွေ့ရှိသိမ်းဆည်းလိုက်နိုင်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနများက ဩဂုတ်လ ၁၀ ရက်မှာထုတ်ပြန်ထားပါတယ်။

ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့IWD ဆိုသူက အဲဒီအခန်းကိုအသုံးပြုနေတာဖြစ်ပြီး သူ့ကိုဖောင်ဒေးရှင်းကနေထုတ်ပယ်ပြီးနောက် ဒီအခန်းကိုရှင်းလင်းရေးလုပ်ရာမှာ အခုလိုမျိုးသေနတ်အလက်ပေါင်း ၁၀၀၀ နီးပါးကိုတွေ့ရှိရတာဖြစ်ပါတယ်။ ဒီသေနတ်တွေဟာ အားကစားသုံးနဲ့ ကျောင်းတွင်းသေနတ်ပစ်လေ့ကျင့်ခန်းသင်ခန်းစာအတွက်အသုံးပြုတာဖြစ်တယ်လို့ IWD ရဲ့ရှေ့နေကပြောထားပါတယ်။ဒါပေမဲ့လည်း ကျောင်းမှာသေနတ်ပစ်လေ့ကျင့်ခန်းအတွက်သင်ရိုးမရှိဘူးလို့ ဖောင်ဒေးရှင်းဘက်မှရှေ့နေကပြောပါတယ်။

ဒါကြောင့် အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ဝင်များအနေနဲ့ စုံစမ်းစစ်ဆေးရေးကိုပွင့်လင်းမြင်သာမှုရှိစွာလုပ်ဆောင်ဖို့နဲ့ အပြုသဘောဆောင်စွာလုပ်ဆောင်ဖို့လွှတ်တော်အမတ်တစ်ဦးက တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ နောက်ထပ်အခန်းတစ်ခန်းကိုလည်း ရှာဖွေစစ်ဆေးမှုတွေလုပ်ဖို့ရှိနေတဲ့အတွက် ကျောင်းသားများကို ဩဂုတ်လ ၁၀ ရက်မှစပြီး အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားပေးမယ်လို့ဆိုပါတယ်။  Ref: SCMP

Leave a Reply

Your email address will not be published. Required fields are marked *