အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုများအား ခုခံကာကွယ်နိုင်ရေးအတွက် $ ၁.၂ ဘီလီယံခန့်တန်ဖိုးရှိ ရေရှည်စစ်ရေးအကူအညီသစ်တစ်ရပ်ပေးပို့ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ အမေရိကန်အစိုးရအနေဖြင့် စစ်ရေးအကူအညီသစ်တွင်ပါဝင်မည့် စစ်လက်နက်ပစ္စည်းများအား မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာထောက်ပံ့မှုအား ယူကရိန်းလုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့ရေး ကနဦးအစီအစဉ်(Ukarine Security Assistance Initiative-USAI) အောက်မှ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးမှ မေလ ၈ ရက်တွင်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံအစိုးရအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလနောက်ပိုင်း ယူကရိန်းထံပေးအပ်ခဲ့တဲ့ ထောက်ပံ့မှုအနေဖြင့် ယခုစစ်ရေးအကူအညီသစ်အပါအဝင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံခန့်အထိ ရောက်ရှိလာပြီဖြစ်ကြောင်းသိရပါတယ်၊။
Related Posts
ဒုံးကျည်ပစ်လွှတ်မှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့ မြောက်ကိုရီးယား
- admin
- July 24, 2023
တောင်ကိုရီးယားမှာ ဖြန့်ကျက်ဖိုအတွက် ရောက်ရှိလာတဲ့ ကန်ရေငုပ်သင်္ဘောကြောင့် မြောက်ကိုရီးယားဟာ စနေနေ့က ခရုဇ်ဒုံးကျည်အများအပြား ပစ်လွှတ်ကာ တုံပြန်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီးနောက်မှာ ဒီပစ်လွှတ်မှုကို ထပ်လုပ်ခဲ့တာပါ။ ပင်လယ်ဝါအတွင်းကို ပစ်လွှတ်ခဲ့တာလို […]
ကမ္ဘာ့ဖလားကာလ ကာတာနိုင်ငံသို့ လာရောက်လည်ပတ်သူများပြား
- admin
- November 23, 2022
ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ကာတာနိုင်ငံမှာ သမိုင်းတလျှောက် အလုပ်အများဆုံးဖြစ်ခဲ့တဲ့ ကာတာလေပိုင်နက်။
အီဖယ်မျှော်စင်အနီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား
- ရှင်ယွန်း
- December 3, 2023
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က နာမည်ကျော် အီဖယ်တာဝါအနီးမှာ စနေနေ့က အကြမ်းဖက်တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့လို့ ၁ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခဲ့သူဟာ အမျိုးသားတဦးဖြစ်ပြီး အလ္လာဟူအက္ကဘာလို ကြွေးကြော်ပြီးနောက် […]