အထိနာနေတဲ့ KNU တပ်မဟာ(၅)အကြမ်းဖက်သောင်းကျန်းသူအဖွဲနှင့်ပတ်သက်ပြီးအကြမ်းဖက်အားပေးမီဒီယာတွေရဲ့လီဆယ်သတင်းဖော်ပြမှု


 ၁-၁၁-၂၀၂၆
 
ထိုင်း-မြန်မာနယ်စပ် ၊သံလွင်မြစ်ကမ်းဘေးက အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၅)ထိန်းချုပ်ရာဆိုတဲ့ သော်လဲထာဂိတ်/ဆိပ်ကမ်းကို  ယမန်နေ့ ၂၀၂၆ အောက်တိုဘာ ၃၁ ရက်နေ့ ည၇ နာရီခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းက အင်အားပြင်းဗုံးကြဲတိုက်ခိုက်လို ပေါက်ကွဲမှုမီးခိုးနှင့် ရိုက်ခတ်မှုတွေက ထိုင်းဘက်ခြမ်းထိပါ သက်ရောက်မှုဖြစ်သွားခဲ့တယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်။
 
အမှန်တကယ်တော့ အဲ့ဒီ ဂိတ်က အကြမ်းဖက်တွေအတွက် အထောက်အပံ့တွေရရှိနေသလို ပြည်သူလူထုထံမှလည်း မတရားခေါင်းပုံဖြတ် ဆပ်ကြေးကောက်နေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
 
တပ်မတော်ကတော့ ယခုချိန်မှာ အကြမ်းဖက်သောင်းကျန်းသူ ခိုအောင်းရာနေရာတွေ၊ စခန်းချရာနေရာတွေ၊ ပြည်သူလူထုထံအမြတ်ထုတ်နေတဲ့ နေရာတွေကို နေရာအနှံမှာ ပြတ်ပြတ်သားသား ချေမှုန်းနေလျက်ရှိပါတယ်။
 
ဒီလိုချေမှုန်းနေတာကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေ အထိနာနေတာကို ဖုံးကွယ်ချင်တဲ့ အကြမ်းဖက်အားပေးမီဒီယာတွေကလည်း နည်းမျိုးစုံနဲ့ တပ်မတော်အပေါ် ထိုးနှက်တိုက်ခိုက်နေတဲ့ သဘောပဲဖြစ်ပါတယ်။
 
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်အားပေးမီဒီယာတွေရဲ့ လှုဆော်ဝါဒဖြန့်တာတွေကို ယုံကြည့်မှုမရှိကြဖိုလိုသလို အကြမ်းဖက်သောင်းကျန်းသူအဖွဲတွေနဲ့ နီးရာကို မသွားမိကြဖိုလည်း လိုပါလိမ့်မယ်လို တိုက်တွန်းလိုက်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *