CNA ၏ မြန်မာ့အရေး အစီရင်ခံစာ ပုံဖျက်ဖော်ပြမှုအပေါ် မြန်မာအစိုးရ ပြင်းထန်စွာ ကန့်ကွက်

CNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် “မလေးရှား၏ ရိုဟင်ဂျာ ပဟေဠိ” (Malaysia’s Rohingya Puzzle) အမည်ရှိ သတင်းမှတ်တမ်းအစီအစဉ်နှင့် ပတ်သက်၍ အခြေအမြစ်မရှိ နားလည်မှုလွဲမှားစေရန် ဖော်ပြထားမှုများအပေါ် မြန်မာအစိုးရက အယ်ဒီတာချုပ်ထံ သို တရားဝင် ကန့်ကွက်စာ ပေးပိုလိုက်တယ်လို သိရပါတယ်။



အဆိုပါ ထုတ်လွှင့်ချက်တွင် သမိုင်းဆိုင်ရာ အထောက်အထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံ၏ ပုံရိပ်ကို မှေးမှိန်စေသည့် လုပ်ကြံစွပ်စွဲချက်များ ပါဝင်နေသည်ကို တွေ့ရသည်။ ဗြိတိသျှ ကိုလိုနီခေတ် သန်းခေါင်စာရင်းများ အပါအဝင် တရားဝင် သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံတွင် “ဘင်္ဂါလီ” ဟူသော အသုံးအနှုန်းသာ ရှိပြီး “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းနှင့် တိုင်းရင်းသားအဖြစ် သုံးစွဲနေမှုများကို ပြတ်သားစွာ ပယ်ချကြောင်း မြန်မာဘက်က တုံပြန်ထားတာ တွေ့ရပါတယ်။
–
ထိုအပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို လစ်လျူရှုထားခြင်း မရှိဘဲ မကြာသေးမီကပင် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသော အထောက်အထားစိစစ်ပြီး မြန်မာနိုင်ငံသား ၈,၀၀၀ ကျော်ကို လေကြောင်းလိုင်းများဖြင့်လည်းကောင်း၊ ၁,၄၀ဝ ကျော်ကို စစ်ရေယာဉ်များဖြင့်လည်းကောင်း အမိနိုင်ငံသို အခမဲ့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
–
သိုဖြစ်ရာ မလေးရှားရှိ တရားဝင် မြန်မာနိုင်ငံသား ပြန်လည်ပိုဆောင်ရေး လုပ်ငန်းစဉ်နှင့် တရားမဝင် ဝင်ရောက်သည့် သီးခြား ဘင်္ဂါလီပြဿနာကို ရောထွေးကာ နိုင်ငံတကာ ဖိအားပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့် ဖော်ပြထားခြင်းအပေါ် မြန်မာအစိုးရက ပြင်းထန်စွာကန့်ကွက်ထားကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *