မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင်အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိပါသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး၊စစ်သံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုနှုတ်ဆက်ကြပါသည်။



