နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု စက်မှုဇုန်-လင်ဖုံလေးကျေးရွာချင်းဆက်ကျောက်လမ်း ၁ မိုင် အနက် ၄ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါလုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ နိုးကိုးကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ လူဦးရေ ၆၃၀၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ စျေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက်များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
