အီရန်စစ်ပွဲကြား တရုတ်ရဲ့အရှေ့အလယ်ပိုင်းခြေလှမ်းသစ်

အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အီဂျစ်နိုင်ငံ ကိုင်ရိုမြိုကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်နဲ့ အီဂျစ်တိုက စူအက်တူးမြောင်း စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမေရိကန်က အီရန်စစ်ရေးအပေါ် အာရုံစိုက်နေရချိန်မှာ တရုတ်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တိုက်တွန်းရင်း အရှေ့အလယ်ပိုင်းမှာ စီးပွားရေးနဲ့ သံတမန်ရေးအရ ဩဇာတိုးချဲ့ဖို ခြေလှမ်းမြှင့်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *