တက္ကသိုလ်ဝင်တန်း Grade-12 နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအောင်ချက်မြင့်မားရေးတွေ့ဆုံညှိနှိုင်းဆွေးနွေး

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကချင်ပြည်နယ်အတွင်း Grade-12 အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများရှိ စာရင်းရှိကျောင်းသား၊ ကျောင်းသူဦးရေ ၁၈၀၀၀ ကျော်တို့အား စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေး၊ ဆရာ၊ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်တို့နှင့်ပေါင်းစပ်၍  ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ Face to Face ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ခရိုင်အလိုက် ကြိုတင်စီမံဆောင်ရွက်သွားမည့်အစီအစဉ်များကို စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ကျင်းပသည့် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း Grade-12 နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအောင်ချက်မြင့်မားရေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့်အောင်ချက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများကဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါခန်းမ၌ကျင်းပသည့် ဒေသတွင်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကုန်သွယ်ရေးလုပ်ငန်းများ မြန်ဆန်မှန်ကန်စွာဆောင်ရွက်နိုင်‌ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ကုန်သွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ တရားမဝင်ကုန်သွယ်မှုဆိုင်ရာများအပေါ် အရေးယူဆောင်ရွက်မှုနှင့်သွင်းကုန်များအပေါ် လိုအပ်ချက်များနှင့်အညီ စစ်ဆေးခွင့်ပြုမှုတို့နှင့်စပ်လျဉ်း၍   ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြည်နယ်(ပြန်/ဆက်)

Leave a Reply

Your email address will not be published. Required fields are marked *