ဒဂုံတက္ကသိုလ်ကျောင်းသားများနှင့် ပြည်သူများ အဆင်ပြေစေမည့် ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂

ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို (စက်တင်ဘာလ ၁ ရက်) နေ့မှစ၍ မြန်မာ့မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်သည်။

အဆိုပါ ရထားခရီးစဉ်တွင် ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်သည်။

ရန်ကုန်မှ  ဒဂုံတက္ကသိုလ်သို ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တိုဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို ပြေးဆွဲမည့် အစုန်ရထားများမှာ ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀ နှင့် ည-၁၂ တိုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *