တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ

Moe Zaw Oo

ထိုင်းနိုင်ငံတွင်   ကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် ထိုင်း-မြန်မာအဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting)ကို တက်ရောက်ခဲ့သည့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၁ ရက်နေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၊ ထိုင်းဘုရင့်လေတပ်၊ Wing 6 မှ ပြန်လည်ထွက်ခွာခဲ့ကြရာ  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာစစ်သံ(ကြည်း၊  ရေ၊လေ)ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များလိုက်ပါလာသည့် တပ်မတော်အထူးလေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံစစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ   အဖွဲ့ဝင်များသည် ထိုင်း – မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီး ထိုင်းဘုရင့်တပ်မတော်မှအကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ထိုင်းနိုင်ငံရှိအထင်ကရနေရာများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *