ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ အား စက်တင်ဘာလ ၂၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦီးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင်…