ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ တွေ့ဆုံ

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပပြီး ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်  မွန်းလွဲ ၁ နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 HD, MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *