- မေ့သားမောင် စစ်မှုထမ်းဖို့
ခြေလှမ်းက တပြင်ပြင်။
ဇာနည်မောင် ဖေ့သားလှ
တက်ကြွလို့ပင်။
မွေးမိခင်၊ ဦးတင်လို့ခွင့်တောင်း။
မွေးဖခင်၊ ဦးတင်လို့ခွင့်တောင်း။
ပြည်ဖျက်အမှိုက်ကိုလ
သားကိုယ်တိုင် ပါဝင်တိုက်ဖို့
လိုက်ပါလိုကြောင်း။
- မတစ်ထောင် တစ်ကောင်ဖွားဟေ့
သားယောက်ျား ရွှေမျက်နှာ
စေ့စေ့ကြည့်ကာ။
မိဘနှစ်ဖြာ
ဝမ်းသာလို့ကြည်နူး။
ကြည်အတွေးရယ်နဲ့
ပြည်ရေးဆောင် အောင်မည့်သားပေမို့
အားရရွှင်မြူး။
- နိုင်ငံဝန် စစ်မှုထမ်းမယ့်
သွက်သွက်လှမ်း ချစ်သူ့ဆီ
ပြေးလို့တွေ့ပြီ။
ချိုပလီ၊ ငိုရီလို့မနေဘဲ။
လူရည်သန့်ပါရဲ့
ဖြူတည်ခံ့ ဇာနည်မောင်မို့
ရဲသွေးဆောင် သတ္တိမျိုးကို
မြတ်နိုးဆကဲ။
- မိဘက ဂုဏ်ယူ
ချစ်သူက ကိုးစား။
သားကောင်း ရတနာမို့
လေးစားကာ ပြည်သူချစ်တယ်
စစ်မှုထမ်းများ။ ။
မောင်ချစ်ကြည်
