အီရန်အပေါ်တိုက်ခိုက်မယ့်အစီအစဉ်ကို အမေရိကန်ဖျက်သိမ်း

အီရန်နိုင်ငံအပေါ် ပြင်းထန်စွာတိုက်ခိုက်မှုလုပ်သွားမယ့်အစီအစဉ်ကို အမေရိကန်ကဖျက်သိမ်းလိုက်ပါပြီ။ ဆွေးနွေးမှုရဲ့ရလဒ်များအရ ဟော်မုရေလက် ကြားကိုပြန်ဖွင့်နိုင်တော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောပြီးနောက် အီရန်အပေါ်တိုက်ခိုက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာပါ။

အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဖို့ပြင်ဆင်နေတယ်ဆိုပြီး CBS သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်သွားမယ့်ပစ်မှတ်တွေထဲမှာ ဓာတ်အားပေးစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေပါဝင်တဲ့ အပြင် စစ်ဘက်တာဝန်ရှိသူတွေက အီရန်နိုင်ငံတစ်ဝန်း လျှပ်စစ်မီးဖြတ်တောက်ဖို့အထိပါ ဆွေးနွေးထားတယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံက ကျည်ထိုးပြီးပစ်မှတ်ကိုချိန်ရွယ်ထားစဉ်မှာပင် အီရန်နိုင်ငံနဲ့အရှေ့အလယ်ပိုင်းနိုင်ငံများက ဒီလိုမျိုးတိုက်ခိုက်မှုမလုပ်ဖို့ကို တောင်းဆိုလာတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုသဘောတူညီမှုရရှိလိုက်တဲ့ထဲမှာ ဟော်မုရေလက်ကြားကို အပြည့်အဝ၊ အလုံးစုံနဲ့ချ က်ချင်းပြန်ဖွင့်ပေးရေး၊ အီရန်ရဲ့နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်ရေးတို့ပါဝင်ထားတယ်လို့လည်း ထရမ့်ကပြောပါတယ်။

ဒါပေမဲ့ အခုလိုမျိုးတိုက်ခိုက်မှုတွေလုပ်ဖို့ကို ရပ်ဆိုင်းလိုက်ရခြင်းဟာ အီရန်နိုင်ငံရဲ့တောင်းဆိုချက်ကြောင့်ဖြစ်တယ်ဆိုတဲ့စကားကိုတော့ အီရန်အစိုးရဘက်ကငြင်းဆိုပြီး ဒီလိုပြောဆိုချက်ဟာ အမေရိကန်ရဲ့လိမ်ညာပြောဆိုမှုအသစ်သာဖြစ်တယ် လို့အီရန်စစ်ဘက်မှတာဝန်ရှိသူများကပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *