ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို

 ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ် အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇)သို့တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေ ပန်းများ၊ စားသောက်ဖွယ်ရာများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆိုပါသင်တန်းသို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *