ယနေ့ ဇူလိုင် (၁၉)ရက်တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆူးလေအနီးတဝိုက်တွင် အိမ်၊ ဌာနဆိုင်ရာများနှင့် အလုပ်ရုံးများတွင် အလံတစ်ဝက်ချလွှင့်ထူထားသည့် မြင်ကွင်းပုံရိပ်များ ဖော်ပြလိုက်ပါသည်။




အလံတစ်ဝက်ချလွှင့်ထူခြင်းကို အာဇာနည်နေ့ နံနက်ပိုင်းမှစ၍ ညနေ နေဝင်ချိန်အထိ တစ်နေကုန် လွှင့်ထူထားရမည် ဖြစ်သည်။
