မြစ်ကြီးနားတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ရိုက်နှက်ခံရသဖြင့် ဒဏ်ရာပြင်းထန်

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လက်ဝတ်ရတနာဆိုင်တစ်ခု (၁၆-၇-၂၀၂၄)ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး ပြန်လည်ခုခံသည့်ဆိုင်ရှင် ရိုက်နှက်ထိုးကြိတ်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းနှင့်ကိုက် ၃၀၀ ခန့်အကွာ၊ ပြည်နယ်မီးသတ်ရုံးအနီးတွင်တည်ရှိသည့် Moe & Nyein လက်ဝတ်ရတနာဆိုင်ကို သေနတ်နှင့် ဓားများကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးက ပစ္စည်းလုယူရန် ကြိုးပမ်းစဉ် ရုန်းရင်းဆန်ခတ်ခြင်းပွားခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါတယ်။