ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချကာ ဂုဏ်ပြုအလေးပြုခဲ့ပြီးနောက် အာဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပိုအမျှဝေသည့်အနေဖြင့် (၂)မိနစ်ငြိမ်သက်ခဲ့ကြသည်။



နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်နှင့် တာ ဝန်ရှိသူများကလည်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုအလေးပြုခဲ့ကြသည်။
