နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ဦးဝင်းမြင့်အား ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့် အနေဖြင့် အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၉)နှစ်နှင့် (၆)လ ကျခံခဲ့ရသူဖြစ်ပြီး ယခုအခါ ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်)တွင် ပြစ်ဒဏ်ကျခံနေရသူ ၄၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပေးခဲ့ခြင်းဖြစ်သည်။
