တရုတ်နိုင်ငံ၏ အကြီးစား မီးရထားတည်ဆောက်ရေးလုပ်ငန်း CRCC ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

CRCC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး မီးရထားနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီးရထားလမ်း၊ လမ်းမကြီး၊ တံတားနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လေ့လာရေးခရီးစဉ်အတွင်း CRCC မှ တာဝန်ရှိသူများက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ခေတ်မီမီးရထားနှင့် အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာအသုံးချမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည့် အချက်အလက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့လာမှုသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု သုံးသပ်ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *