နေပြည်တော်-တောင်ငူနှင့် တောင်ငူ-ပဲခူး လမ်းပိုင်းများတွင် RBE ရထားခရီးစဉ် နှစ်ခု တိုးချဲ့ပြေးဆွဲ

နေပြည်တော်-တောင်ငူနှင့် တောင်ငူ-ပဲခူး လမ်းပိုင်းများတွင် RBE ရထားခရီးစဉ် နှစ်ခု တိုးချဲ့ပြေးဆွဲကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဥ်များ တိုးချဲ့ပြေးဆွဲလျက်ရှိရာ မေ ၁၅ ရက်မှစတင်၍ နေပြည်တော်- တောင်ငူ၊ တောင်ငူ- နေပြည်တော်နှင့် တောင်ငူ-ပဲခူး၊ ပဲခူး- တောင်ငူ RBE ရထားခရီးစဥ်နှစ်ခု နေ့စဉ်တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုးချဲ့ပြေးဆွဲရာတွင် နေပြည်တော်-တောင်ငူ၊ တောင်ငူ-နေပြည်တော်ခရီးစဉ်တွင် ရထားအမှတ် သ/၅၀၁ အဆန်နှင့် သ/၅၀၂ အစုန် RBE ရထား(၁)တွဲ နေ့စဥ်ပြေးဆွဲလျက်ရှိကြောင်း၊ ရထားအမှတ် သ/၅၀၂ အစုန် RBE ရထားသည် နေပြည်တော်ဘူတာမှ နေ့စဉ်နံနက် ၆ နာရီမှစတင်၍ ထွက်ခွာပြီး တောင်ငူဘူတာသို့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်ကြောင်း သိရသည်။

ရထားအမှတ် သ/၅၀၁ အဆန် RBE ရထားသည် တောင်ငူဘူတာမှ နေ့စဉ်မွန်းလွဲ ၂ နာရီမှစတင် ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ ညနေ ၄ နာရီ မိနစ်တွင် ဆိုက်ရောက်ကြောင်း၊ တောင်ငူ-ပဲခူး၊ ပဲခူး-တောင်ငူ ခရီးစဥ်တွင် ရထားအမှတ် သ/ ၆၀၂ အစုန်နှင့် သ/ ၆၀၁ အဆန် RBE ရထားနှစ်တွဲ နေ့စဉ်တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ရထားအမှတ် သ / ၆၀၂ အစုန် RBE ရထား(၂)တွဲသည် တောင်ငူဘူတာမှ နေ့စဉ်နံနက် (၆)နာရီမှစတင်၍ ထွက်ခွာပြီး ပဲခူးဘူတာသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ကြောင်း၊ ရထားအမှတ် သ / ၆၀၁ အဆန် RBE ရထား(၂)တွဲသည် ပဲခူးဘူတာမှ နေ့စဥ်မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်စတင်ထွက်ခွာပြီး တောင်ငူဘူတာသို့ ညနေ ၆ နာရီခွဲတွင် ဆိုက်ရောက်ကြောင်း သိရသည်။

ရထားလက်မှတ်ခများအနေဖြင့် တောင်ငူ-နေပြည်တော်ခရီးစဉ်အတွက် တောင်ငူဘူတာမှ မြို့လှဘူတာအထိ ကျပ် ၂၅၀၀၊ မြို့လှဘူတာကျော်ပါက ကျပ် ၅၀၀၀၊ တောင်ငူ- ပဲခူး ခရီးစဉ်အတွက် တောင်ငူဘူတာမှ ကျောက်တံခါးဘူတာအထိ ကျပ် ၄၀၀၀၊ ကျောက်တံခါးဘူတာကျော်ပါက ကျပ် ၈၀၀၀ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *