ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊ တက္ကသိုလ်‌ဘောလုံးကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများအတွက် လျာထားနေရာများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *