တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား(၅၂)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား(၅၂)ဦးကို ဧပြီ ၂၇ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)ရပ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၃)ဦးနှင့် မြန်မာနိုင်ငံသူ(၆) ဦးတို့ကို All In One Computer (၃)လုံး၊ Laptop (၁၃) လုံး၊ ဖုန်း(၃၂၀)လုံး၊ Tablet (၁၀၈)လုံး၊ Printer (၁) လုံး၊ Wifi စက်(၆)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၈)ဦး၊ တရုတ်နိုင်ငံသူ(ထိုင်ဝမ်သူ ၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား/အမျိုးသမီး(၃၄)ဦးတို့ကိုလည်း All In One Computer (၂၃)လုံး၊ မော်နီတာ(၁) လုံး၊ SYSTEM ပုံး(၁)လုံး၊ ဖုန်း(၅၂)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများ၊ ပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်စစ်ဆေး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရမိပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *