တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



