နိုင်ငံတကာထူးခြားသတင်းများ
-ကက်ရှမီးယားဖြစ်စဥ်တွင် အကြမ်းဖက်သူ ၃ ဦးသည် ခရီးသွားများအား မသတ်မှီ မွတ်ဆလင်ဟုတ်မဟုတ် ဘောင်းဘီချွတ်၍ ထိတ်ဖြတ်ခြင်းရှိမရှိစစ်ဆေးခြင်း ၊ ကိုရမ်ကျမ်းဖတ်တတ်ခြင်းရှိမရှိ စစ်ဆေးပြီးမှသတ်ဖြတ်ခဲ့ကြောင်း ၊ ထို ၃ ယောက်အနက် ၂ ယောက်မှာ ပါကစ္စတန်လူမျိုးများဖြစ်ကြောင်း ၊ ၎င်းတို့နှင့် အားပေးသူနောက်ခံများကို ရေဆုံးမြေဆုံးလိုက်မည်ဟု မိုဒီကပြောသည် ။ ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရေးပေါ်အစည်းဝေးခေါ်ယူခဲ့သည် ။
-ထိုင်းရဲတပ်ဖွဲ့ လေယာဥ်ငယ် ပင်လယ်ကမ်းစပ်၌ ပျက်ကျပြီး ပါဝင်သူ ရဲမှုးကြီးအပါအဝင် ၅ ဦးသေဆုံး ၁ ဦးဒဏ်ရာပြင်းသည် ။
-အင်ဒိုနီရှားတွင် ဒေါ်လာ ၂၈ ဘီလျှံအသုံးပြုမည့် သန်း ၈၀ ရှိသော မူလတန်း ကျောင်းသားများအား မနက်စာအခမဲ့ကျွေးမွေးမှု့အစဥ်စတင်ခဲ့ပြီး ဂျကာတာတောင်ပိုင်းရှိ ကျောင်း ၂ ခု ၌ခလေး ၈၀ ဦး အစာအဆိပ်သင့်မှု့ဖြစ်ခဲ့သည် ။
ပြည်တွင်းထူးခြားသတင်းများ
-မန္တလေး အခြေစိုက် PDF ကျား ၃၀ ဦး မ ၂ ဦး တို့သည် ” ဝ ” စက်ရုံထုတ် Type 81 လက်နက် ၅ လက်နှင့်အတူ အလင်းဝင်ခဲ့သည် ။
-ပုဏ္ဏားကျွန်းတွင် မိသားစု ၆ ဦးကို AA တို့က ခိုးမှု့ဖြင့် စွတ်စွဲဖမ်းဆီးပြီး ၄ လအကြာ စွပ်စွဲခံရသူ အေးမင်းဆွေ ဆိုသူသေဆုံးပြီးနောက် ကျန်မိသားစုဝင်များကိုပြန်လွှတ်လိုက်သည် ၊ သေဆုံးရခြင်းမှာ ကားတိုက်လို့ဟု AA ကထုတ်ပြန်သည် ။
-မန္တလေးတိုင်း ငါးဇွန် မြို့နယ် အိုင်းလျား ကျေးရွာ၌ လိုက်ထရပ် ကားဖြင့်စျေးလှည့်ရောင်းချသူ ဦးသိန်းလွင် ၅၀ နှစ် ၊ ဇနီးဖြစ်သူ ဒေါ်ချိုဦး ၄၉ နှစ် တို့အား PDF က ကားနှင့်အတူဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ၎င်းတို့သည် USDP ပါတီဝင်များဖြစ်၍ဟု ဆိုသည် ။
