တရုတ်နိုင်ငံမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံခြားသားဝင်ရောက်မှု စံချိန်တင်မြင့်တက်နေ

တရုတ်နိုင်ငံအစိုးရက နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ဗီဇာမူဝါဒတွေကို ဖြေလျှော့ပေးခဲ့ ပြီးနောက်ပိုင်း နိုင်ငံအတွင်း နိုင်ငံခြားသားဝင်ရောက်မှုအရေအတွက် သိသာစွာမြင့်တက်လာတယ်လို့ တရုတ် အမျိုးသား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (NIA) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံဟာ ဥရောပနဲ့ အာရှရှိ နိုင်ငံအများအပြားကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တဲ့အပြင်၊ နိုင်ငံကူး လက်မှတ်စစ်ဆေးတဲ့ဂိတ်တွေမှာလည်း နည်းပညာသစ်တွေ အသုံးပြုကာ စောင့်ဆိုင်းရချိန်ကို လျှော့ချပေးခဲ့ပါ တယ်။ ဒါအပြင် နိုင်ငံခြားသားတွေအတွက် အဓိကအခက်အခဲဖြစ်စေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (Alipay နဲ့ WeChat Pay) တွေမှာ နိုင်ငံတကာဘဏ်ကတ်တွေကို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ စီစဉ်ပေးခဲ့ခြင်းက လည်း ခရီးသွားဝင်ရောက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် သုံးဆခန့် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗီဇာကင်း လွတ်ခွင့်ရရှိထားတဲ့နိုင်ငံတွေမှာ ခရီးသွားဝင်ရောက်မှုဟာ စုစုပေါင်းဝင်ရောက်မှုရဲ့ထက်ဝက်နီးပါးအထိ ရှိလာတယ် လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေရဲ့အဆိုအရနိုင်ငံခြားသားဝင်ရောက်မှုမြင့်တက်လာခြင်းဟာ တရုတ် နိုင်ငံရဲ့ဝန်ဆောင်မှုကဏ္ဍနဲ့ ပြည်တွင်းစားသုံးမှုအပေါ် များစွာအထောက်အကူပြုနေပြီး ပေကျင်း၊ ရှန်ဟိုင်းနဲ့ ကွမ်ကျိုးလို မြို့ကြီးတွေသာမက ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွေကိုပါ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုစိတ်ဝင်စားလာကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့ ရှေ့လာမယ့် ခရီးသွားရာသီ တွေမှာလည်း နိုင်ငံတကာခရီးသွားတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဟိုတယ်တွေမှာ နိုင်ငံခြားသားတည်းခိုခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်းနဲ့ ဘာသာစကား အကူအညီပေးတဲ့ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *