နှစ်နှစ်ကြာ ပိတ်ထားရသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို ယနေ့ ဧပြီလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ပြန်လည်ဖွင့်လှစ်ပြီးသည်နှင့် ယနေ့ ၁၀ နာရီအချိန်ထိ ခရီးသယ်ကား ဆိုင်ကယ်များအစီးရေ သုံးလေးရာခန့်ထိ သွားလာနေကြသည်ကို တွေ့ရသည်။
မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးကို ၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့၌ တိုက်ပွဲများကြောင့် အသုံးပြုခြင်းကို ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။




