သူပုန်နဲ့ တပ်မတော်ကြားမှာ ဘာကွာသလဲ

သူပုန်နဲ့ တပ်မတော်ကြားမှာ ဘာကွာသလဲဆိုတော့…ရပ်တည်မှု ရည်ရွယ်ချက်ခြင်း ကွာသွားတာလို့ပဲ ပြောရလိမ့်မယ်။

အစိုးရ ဒါမှမဟုတ် တပ်မတော်အနေနဲ့ စစ်ဘောင် ကျယ်နေတဲ့ အခြေအနေ ကို အခွင့်ကောင်းယူပြီး နယ်မြေတွေ ခေတ္တရသွား တဲ့အချိန်မှာ…သူပုန်ဆိုတဲ့ အမျိုးက ဒေသခံ ပြည်သူတွေဆီကနေ သေနတ်ထောက်ပြီး အခွန်ကို ရသမျှညှစ်ယူကြတယ်။

—-သတ္တုတွင်းတွေ၊ ရွှေလုပ်ကွက်တွေကနေ ဆက်သတဲ့ အခွန်တွေကို ယစ်မူးကြတယ်။ ကိုယ်ကိုယ့်ကိုယ် ကွန်ဖက်ထရိတ်ရသွားတဲ့ နိုင်ငံက အစိုးရလိုလို ကိုးကန့်မှတ်ပုံတင်တွေ၊ ပလောင်မှတ်ပုံတင်တွေဆိုပြီး ထလုပ်ကြတယ်။ ဒါ့ကြောင့်လည်း ယာယီထိန်းချုပ်ထား တဲ့နေရာမှာ ကိုယ်က လွဲရင် ဘယ်လက်နက်ကိုင်မှ မရှိရဆိုတဲ့ မူမျိုးကို ဦးနှောက်မဲ့ ကျင့်သုံးရာကနေ… ခုလို စစ်ပွဲတွေတောက်လျှောက် ရှံးတော့တာပဲ။

——သူပုန်တွေသိမ်းထားတဲ့ နယ်မြေမှာ ဘယ်စာသင်ကျောင်းတွေ ဖွင့်နိုင်သလဲ။ ဘယ်ဆေးရုံ ဆေးပေးခန်းတွေ ဝန်ဆောင်မှုပေးနိုင်သလဲ။ တပ်မတော်မရှိတဲ့ ဒေသမှာ ဘယ်အစိုးရရဲ့ အာဏာစက်မှ မသက်ရောက်ဘူးဆိုတာ ဒီမြင်ကွင်းတွေက သက်သေပဲ။ တက်လာတဲ့ အစိုးရတွေဟာ တပ်ကို ရန်သူလိုဆက်ဆံဖို့ မဟုတ်ဘူးဆိုတာလည်း သဘောပေါက်သင့် တဲ့ အချိန်လည်း ရောက်ပါပြီ။

(နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *