အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ယနေ့နံနက်ပိုင်းက ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ ထူထပ်မည်းမှောင်သော အဆိပ်ငွေ့ပါဝင်သည့် မီးခိုးလုံးကြီးများကြောင့် တက္ကဆက်ကောင်းကင်ယံတစ်ခုလုံး မှောင်အတိကျကာ ဒေသခံများ အသက်ရှူရခက်ခဲသည့် အခြေ အနေနှင့် ရင်ဆိုင်နေရသည်။
ယခုပေါက်ကွဲမှုသည် တက္ကဆက်ပြည်နယ်၏ ရေနံနှင့် စွမ်းအင်ချက်လုပ်ရာ အချက်အချာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပတ်ခန့်က ပေါက် ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံနှင့်မနီးမဝေးတွင်ရှိသော အခြားရေနံချက်စက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးလုံးကြီးများသည် မိုင်ပေါင်းများစွာအကွာမှပင် မြင်တွေ့နေရပြီး လေထုညစ်ညမ်းမှုမှာ အဆိုပါစက်ရုံနှင့်အနီးတစ်ဝိုက်တွင် မြင့်တက်လျက်ရှိပါသည်။
