ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က သတင်းအမှားများ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာရှိတဲ့ ပြည်သူ ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတွေကသတ်ဖြတ်တယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်…

ပုံ-၁
ပုံ-၁ မှာ တွေ့ရတဲ့ အလောင်း ၃လောင်းခန့်ဟာ တပ်မတော်နဲ့ ကျေးရွာအတွင်းတွေမှာစခန်းချနေတဲ့ အကြမ်းဖက် KNU+PDF များ တိုက်ပွဲဖြစ်ပွားချိန် တပ်မတော်ရဲ့ချေမှုန်းမှုကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက်သမားများဖြစ်ပါတယ်//

ပုံ-၂
ပုံ-၂ မှာပါတဲ့ မြေကြီးပေါ်မှာမှောက်ထားတဲ့ သူတွေဟာ ရွာသားတွေဖြစ်ပုံရပါတယ်…သူတို့တွေဟာ သေဆုံးနေတာမဟုတ်ပါဘူး…အကုန်လုံးအသက်ရှင်နေသူတွေဖြစ်ကြပါတယ်… တပ်မတော်ရဲ့ ချေမှုန်းမှုကြောင့် အကြမ်းဖက်သမားများထွက်ပြေးသွားချိန် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်း အကြမ်း KNU+PDF များ ကျန်ရှိနေခြင်းရှိ/မရှိ စစ်မေးနေတာဖြစ်ပါတယ်.. ဒါကလည်း စစ်ပွဲရဲ့ သဘောတရားပဲ.. စစ်ဆေးပြီးရင် အကြမ်းဖက် မဟုတ်တာသေချာရင် ကိုယ့်အလုပ်ကိုယ်လုပ်လိုရပြီ…

ပုံ-၃
ပုံ-၃ မှာပါတဲ့ ဟာတွေကတော့ သေဆုံးသွားတဲ့ အကြမ်းဖက် KNU+PDF အလောင်းတွေကို ရွာသားတွေက မြေမြုပ်နေတာဖြစ်တယ်…

ရွာသား ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတွေကို လုံးဝသတ်ဖြတ်ခြင်းမရှိပါ။ပုံတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးပြီးလုပ်ကြံထားခြင်းဖြစ်ပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *