လက်ပံတန်းနှင့် ညောင်လေးပင်မြို့နယ်တို့မှာ KNU+ PDF အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ❞

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့မှာ KNU+ PDF အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှာ မတ်လ ၇ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးကျေးရွာနေ ဦးဇော်ဇော်(၄၅)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဇင်မာဦး(၃၉)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတိုနှစ်ဦးလုံး သေဆုံးသွားခဲ့ရသည်။

အလားတူ မတ်လ ၅ ရက်၊ နံနက် ၆ နာရီအချိန်ကလည်း ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေသူများဖြစ်ကြသည့် ကိုရဲပိုင်ထွန်း(၃၀)နှစ်နှင့် ဒေါ်နွဲနှောင်း(၅၀)နှစ်တိုသည် ၎င်းတို၏နေအိမ်အသီးသီး၌ ရှိနေစဉ် KNU+ PDF အကြမ်းဖက်သမားများ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်များ ထိမှန်ခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *