အမ်း မှာ AA အကြမ်းဖက်အဖွဲ့များမှ ဒေသခံ ပြည်သူများ၊ စစ်ရှောင်စခန်းများမှ ပြည်သူများနှင့် ရဟန်းသံဃာများကို လူသားတံတိုင်းအဖြစ်အသုံးချရန်အတွက် အတင်းအဓမ္မ လိုက်လံ ဖမ်းဆီးနေပါတယ်။
ဒီလို အကြမ်းဖက် AA အဖွဲ့ရဲ့ လူသားတံတိုင်းအဖြစ်အသုံးချမည်ကို စိုးရိမ်တဲ့အတွက် ဒေသခံတွေနဲ့ ရဟန်းသံဃာများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဘာကြောင့်လည်းဒီလိုတွေလုပ်နေသလည်းဆိုတော့ အကြမ်းဖက် AA အဖွဲ့ဟာ အမ်းမြို့နယ်အတွင်း တိုက်ပွဲတွေမှာ နေစဉ်နဲ့အမျှ ထိခိုက်သေဆုံးမှုများပြားလာတာကြောင့် လူငယ်လူရွယ်များအား အတင်းအဓမ္မလူသစ်စုဆောင်းပြီး စစ်တိုက်ခိုင်းနေသလို၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရဟန်းသံဃာများအား လူသားတံတိုင်းအဖြစ်အသုံးချရန်အတွက် လိုက်လံဖမ်းဆီးနေတယ်။
ဒါ့အပြင် အကြမ်းဖက် AA အဖွဲ့ဟာ အမ်းမြို့နယ်အနီးရှိ ကျေးရွာများအတွင်းမှ ပြည်သူများအနေဖြင့် စစ်ရှောင်လိုပါက တစ်ဦးလျှင် ငွေကျပ် ၂ သိန်းတောင်းခံနေသလို ပိုက်ဆံသာပေးလိုက်ရသော်လည်း အရွယ်ကောင်းသည့် လူငယ်တွေ(ကျား/မ မရွေး)ကို ဖမ်းပြီး စစ်မြေပြင်ကို ပို့ဆောင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေကို စစ်ရှောင်စခန်းကို ပို့ပေးမယ်ဆိုပြီး လက်နက်/ခဲယမ်း/ရိက္ခာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ထောက်ပို့လုပ်ငန်းတွေမှာ လူသားတံတိုင်းလုပ်ပြီး အသုံးပြုခဲ့ကြပါတယ်။
ဒါတင်မက စစ်ရှောင်များရဲ့ နေအိမ်များမှ တန်ဖိုးရှိသည့် ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူနေကြောင်း ယာယီစစ်ရှောင်စခန်းများမှ ထွက်ပြေးလာသူတစ်ဦးထံမှ သိရပါတယ်။