အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိလစ်ပိုင်ဖိတ်ကြားမှုကို မြန်မာအစိုးရငြင်းပယ်

အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြိုမှာ ပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ကို ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားခဲ့ပေမယ့် မြန်မာအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။

အဲ့ဒီအစည်းအဝေးကို ယခင်ဥက္ကဋ္ဌလုပ်တဲ့နိုင်ငံများက နစကအစိုးရကို ၃ နှစ်ဆက်တိုက် မဖိတ်ကြားခဲ့ပေမဲ့ ယခုနှစ်မှာတော့ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်က မြန်မာအစိုးရသစ်ကို ဖိတ်ကြားခဲ့ ပေမယ့် မြန်မာဘက်က အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် မတက်ရောက်ဘဲ သူ့ကိုယ်စား မနီလာမှာရှိတဲ့ မြန်မာစစ်သံမှုးကိုပဲ တက်ရောက် စေခဲ့ပါတယ်။

မြန်မာကာကွယ်ရေးဝန်ကြီးမတက်ရောက်ရတဲ့အကြောင်းရင်းကတော့ ဒီအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထုတ်ပြန်မယ့် မူကြမ်းမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အသုံးအနှုန်းနဲ့ ကာကွယ်ရေးနဲ့မဆိုင်ဘဲ နိုင်ငံရေးအရ ဖိအားပေးလိုတဲ့အချက် ၂ ချက်ပါရှိတာကို မြန်မာကာကွယ်ရေးဝန်ကြီးဌာနမှ သဘောမတူ ကန့်ကွက်ခဲ့ပြီး အဲဒီစာပိုဒ် ၂ ပိုဒ်ဖြုတ်ပေးရန် တောင်းဆိုချက်ကို မလိုက်လျောတဲ့အတွက် အဲ့ဒီ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကိုသာ တက်ရောက်စေခြင်းဖြစ်တယ်လို သိရှိရပါတယ်။

မြန်မာအစိုးရသစ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံထု တ်ပြန်ချက်အဖြစ်သာ အသိအမှတ်ပြုထားပြီး အာဆီယံအဖွဲအနေဖြင့် မြန်မာနိုင်ငံက သဘောမတူတဲ့ အချက်များကို Consensus မရရှိဘဲ ထုတ်ပြန်လေ့ရှိတဲ့အတွက် အခုအစည်းအဝေးကိုလည်း တက်ရောက်ရန် ငြင်းပယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ အာဆီယံအဖွဲနှင့်ပတ်သက်ပြီး ရပ်တည်ချက်များ၊ အာဆီယံအဖွဲဝင် နိုင်ငံအချိုက ထောက်ခံရပ်တည်ပေးနေသလို ယခုလိုအစည်းအဝေးဖိတ်ကြားပေမဲ့၊ ဝန်ကြီး မတက်ရောက် ခြင်းအပေါ် နားလည်လက်ခံပေးလျက်ရှိပါတယ်။

မြန်မာအစိုးရသစ်အနေဖြင့် ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်ခိုင်မာမာ ရပ်တည် လျက်ရှိပြီး အာဆီယံအဖွဲနှင့်ပုံမှန်ဆက်ဆံရေးကို ပြန်လည်ရရှိလိုသော်လည်း အာဆီယံပဋိညာဉ် ချိုးဖောက်ပြီး နိုင်ငံရေးအရ ဖိအားပေးမှုများကို လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်းနှင့်  အာဆီယံအဖွဲဝင် နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် Case by Case တစ်နိုင်ငံချင်း အလိုက်သာ တန်းတူ ရည်တူရှိမှုကို အခြေခံပြီး ဆက်ဆံလျက်ရှိကြောင်း သိရှိရပါတယ်။

အောင်ရှင်း

Leave a Reply

Your email address will not be published. Required fields are marked *