
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် သံတွဲမြို ၊ (၈)ရပ်ကွက်ရှိ အထက ၁ နှင့် GTI ကျောင်းမှာ စခန်းချနေထိုင်တဲ့ AA သူပုန်အဖွဲတွေကို တပ်မတော်က တိတိကျကျ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်း (၂)ကျောင်းသည် သံတွဲမြို၏ အနောက်မြောက်ဖက်တွင်ရှိပြီး သံတွဲမြစ်၏ဘေးတွင်တည်ဆောက်ထားခြင်းဖြစ်ပြီးအကြမ်းဖက် AA က သံတွဲမြိုကို သိမ်းပိုက်ပြီးနောက် စာသင်ကျောင်းများ ၊ဌာနဆိုင်ရာအဆောက်အဦးများ၊ နိုင်ငံပိုင်အဆောက်အဦးများတွင်လာရောက်နေထိုင်ကာ စခန်းချခြင်း၊ သင်တန်းပေး ခြင်း၊အုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်း စသည်တိုကို လုပ်ဆောင်ရန် နေရာယူလေ့ရှိသည်။
ထိုကြောင့် သံတွဲမြိုရှိ အထက ၁ နှင့် GTI ကျောင်း အဆောက်အဦးများသည် ခိုင်ခိုင်မာမာတည်ဆောက်ထားခြင်းကြောင့် AA သူပုန်၏ အဓိကစစ်ရေး ထောက်ပံ့မအုပ်ချုပ်ရေး နေရာတခုဖြစ်လာခဲ့သည်။ ပထဝီနိုင်ငံရေးအရသံတွဲမြစ်ဘေးရှိ အထက်ပါအဆောက်အဦးများမှ
ထောက်ပံ့အုပ်ချုပ်မှုပြုလုပ်ရန်အသင့်တော်ဆုံးနေရာအဖြစ် AA သူပုန်မှ ရွေးချယ်ထားဟန်ရှိသည်။
သံတွဲမြိုသည် ကျောက်တော် -မအီ – တောင်ကုတ် ထောက်ပံံရေးလမ်းကြောင်းပေါ်တွင်ရှိသလို ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွသိုချိတ်ဆက်ရာတွင် အဓိကကျသည့်အတွက် သံတွဲမြိုအား တောင်ပိုင်းဌာနချုပ်အဖြစ် AAသူပုန်မှ စီစဥ်ထားကြောင်းလည်း ကြားသိထားသည်။
လက်ရှိ အခြေအနေတွင်မူ သံတွဲမြစ်မှ တဆင့် ပင်ဘယ်ဝသိုထွက်နိုင်ပြီး ကျောက်ဖြူစစ်မျက်နှာ၏ ထောက်ပိုနေရာဖြစ်သော ကျောက်နီမော်သို ရေလမ်းကြောင်းမှတဆင့် တိုက်ရိုက် (သို)သွယ်ဝိုက်ကာ ချိတ်ဆက်နိုင်သည်။
ထိုအပြင် သံတွဲမှ ငပလီကမ်းခြေရှိ အကြမ်းဖက် AA စခန်းများကိုလည်း ထောက်ပံ့အုပ်ချုပ်နိုင်သည့်အတွက် အထက ၁ နှင့် GTI ကျောင်းသည် AA သူပုန်၏ တောင်ပိုင်းဌာနချုပ်အဖြစ် စခန်းချထားသည်မှ မလွဲဧကန်ဖြစ်နေပေသည်။
တဖက်တွင်မူ ၂၀၂၃ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိစာသင်ကျောင်းများ ပိတ်ထားရသည့်အတွက် သံတွဲ အထက ၁ သည်လည်း ၂၀၂၄ ခုနှစ် မတ်လမှစ အပြီးတိုင်ပိတ်သိမ်း ထားရကြောင်းသိရှိရသည့်အတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာမှစတင်ကာ AAသူပုန်မှ အပိုင်စီးထားခြင်းဖြစ်သည်။
ယခုကဲ့သို စစ်ရေး နိုင်ငံရေးအရထောက်ပံ့အုပ်ချုပ်မှု ပြုလုပ်ရန် ထုထည်ကြီးမားသောအဆောက်အဦးများသည် စာသင်ကျောင်းများဖြစ်သည် ဟူသော ခေါင်းစဥ်ဖြင့်လေကြောင်းတိုက်ခိုက်မှုကို အတိုင်းအတာတခုအထိ အကာအကွယ်ယူထားနိုင်သည်။
သိုသော် တပ်မတော်၏ ကင်းထောက်မှု ၊ဒေသခံရခိုင်တိုင်းရင်းသားတို၏ ပူးပေါင်းပါဝင်မှုများကြောင့် တိတိကျကျဖြင့် ဗုံးကြဲ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
UPN(Truth Waves)
