Snoring ( ဟောက်ခြင်း)

ဟောက်တယ်ဆိုတာ အိပ်ပျော်နေတုန်းမှာ အသက်ရှူသံတွေ ဆူညံပြင်းထန်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အိပ်ရင်းနဲ့ ဟောက်လွန်းတာက စိတ်အနှောင့်အယှက် ဖြစ်စေပြီး အိပ်ရေးမဝတဲ့အပြင် ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။

💡ဟောက်သံဘယ်ကစလာသလဲ?

🔑အိပ်ပျော်နေတုန်းမှာ အာခေါင်ကြွက်သားတွေ လျော့လာတာ၊ လျှာကအနောက်ဖက်ကို လန်ကျလာတာမျိုးတွေကြောင့် အသက်ရှူလမ်းကြောင်း ပိတ်စေပြီး ဟောက်တတ်ပါတယ်။ မရှင်းလင်းတဲ့ အသက်ရှူလမ်းကြောင်းတလျှောက် ဖြတ်သွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတွေရဲ့ ပျော့တဲ့နံရံတွေကို တိုက်ခတ်လှုပ်ခါစေတဲ့အတွက် ဟောက်သံတွေ ထွက်လာပါတော့တယ်။

📌အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာဟာ

▶လည်ပင်းတလျှောက် အသားပို၊ အဆီပိုတွေ များနေခြင်း၊

▶အိပ်တဲ့ပုံစံ အနေအထား၊

▶အခြားရောဂါအခံတွေပေါ်မှာလည်း မူတည်ပါတယ်။ ဟောက်တာက ဆိုးလာပြီးရင် အိပ်နေရင်း အောက်ဆီဂျင်နည်းသွားတဲ့ အိပ်၊ဟောက်၊ရှူ၊ပိတ် (𝐎𝐛𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚 – 𝐎𝐒𝐀) ရောဂါအဆင့် ဖြစ်လာပါတယ်။ ဒီရောဂါကြောင့် အသက်ရှူလမ်းကြောင်း ၉၀%လောက်ပိတ်ကာ အောက်ဆီဂျင်ကျပြီး ကာယကံရှင်ကိုယ်တိုင် မသိလိုက်ဘဲ အသက်ဆုံးပါးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားပါတယ်။

📚ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

▶ပက်လက်အိပ်ခြင်းက ဟောက်တာကို ပိုဆိုးစေပါတယ်။ ဘေးစောင်းပဲအိပ်ပါ။ ခေါင်းအုံးများကို သန့်ရှင်းစွာထားပါ။ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အိပ်ဆေးများကို လုံးဝမသောက်သင့်ပါ။

▶အိပ်စက်ချိန်ကို ပုံမှန်ထားရှိပါ။ အိပ်ရာမဝင်မီ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးတာ၊ နှာခေါင်းကို ဆေးကြောသန့်စင်တာမျိုး ပြုလုပ်ပါ။

▶ရေနွေးပူပူသောက်ပါ။ ဆားရည်ဖြင့် အာလုပ်ကျင်းပါ။ နှာခေါင်း၊ အာခေါင်အတွင်း စိုထိုင်းမှုရှိအောင် ရေကိုဂရုစိုက်ပြီး သောက်ပေးပါ။

▶အရက်၊ ဆေးလိပ်၊ ကွမ်းယာများ ရှောင်ကြဥ်ပါ။ အိပ်ခါနီးအရက်သောက်တာ၊ အမူးလွန်ပြီး အိပ်ပျော်တာမျိုးတွေကို ရှောင်ကြဥ်ပါ။

▶ဆီကြော်စာ၊ အပူအစပ်များရှောင်ပါ။ အစာများများစားပြီး တန်းအိပ်တာမျိုး မလုပ်ပါနှင့်။

▶ကိုယ်အလေးချိန်ထိန်းပါ။ ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းများလုပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *