တစ်ပတ်ကို ကြက်ဥဘယ်နှလုံးစားသင့်လဲ

ကြက်ဥဟာ မိသားစုများရဲ့ မနက်စာ စားပွဲမှာ မြင်တွေ့နေကျ ပရိုတိန်းဓာတ်ပါဝင်မှု များတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ခပ်ကြီးကြီးကြက်ဥတစ်လုံးဟာ မရှိမဖြစ်ဗီတာမင် နဲ့ သတ္တုဓာတ်(၁၃)မျိုးအပြင် အရည်အသွေးမြင့်ကယ်လိုရီ (၇၀) ပါဝင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ ကြွက်သားများသန်မာစေခြင်း၊ ကျန်းမာတဲ့ ကိုယ်ဝန် ဆောင်ကိုထိန်းသိမ်းခြင်း စသည်တို့အတွက် ကြက်ဥဟာ အရေးပါတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကြက်ဥဟာ ဦးနှောက်လုပ်ဆောင်မှုကို အထောက်အကူ ဖြစ်သလို မျက်လုံးကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ ကြက်ဥရဲ့ ကောင်းကျိုးအာနိသင်ကို အတတ်နိုင်ဆုံး ရချင်တယ်ဆိုရင် သင့်တင့်မျှတစွာ ဘယ်လောက်အတိုင်းအတာစားသုံးရမယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။

တစ်နေ့လျှင် ကြက်ဥ (၃)လုံးစားသူများဟာ လူကိုကောင်းကျိုးပြုသည့်ကိုလ်စ်ထရောလ် နဲ့ အင်ဆူလင်သက်ရောက်စေတဲ့ ပမာဏကို ကောင်းမွန်သည့်ရလဒ်ထွက်ပေါ်စေကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် ဆီးချိုအဆင့်(၂) ခံစားနေရသူများရဲ့ ကိုယ်အလေးချိန် ထိန်းညှိမှုကို လေ့လာခဲ့ရာမှာ တစ်နေ့ကို ကြက်ဥ(၂)လုံးနှုန်းဖြင့် (၁၂)ပတ် ဆက်တိုက် စားသုံးသူများဟာ အဆီဓာတ်နဲ့ သကြားဓာတ်များ တိုးတက်လာကြောင်း တွေ့ရှိခဲ့ပါ တယ်။ ဒါ့အပြင် ပရိုတိန်းအပြည့်အဝ ( Energy-(၃၅)ရာခိုင်နှုန်း၊ ကြက်ဥပရိုတိန်း (၂၆.၁) ဂရမ်) ရှိတာကြောင့် ကြက်ဥပါဝင်တဲ့ မနက်စာတစ်နပ်ဟာ ဆီးချိုအဆင့်(၂) ခံစားနေရသူလူနာများ အတွက် သွေးတွင်းသကြားဓာတ်ထိန်းညှိပေးဖို့ အထောက်အကူပေးပါတယ်။  

ကြက်ဥမှာ ကိုလက်စထရော 186mg ပါ၀င်ပြီး အဲဒီပမာဏဟာ နှလုံးရောဂါေ၀ဒနာရှင်များ အတွက် တစ်နေ့တာသတ်မှတ်ထားသော အမြင့်ဆုံးပမာဏဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥတစ်လုံး စားပြီးပြီဆိုရင်တော့ အဲဒီနေ့မှာ အမဲသား၊ ဒိန်ခဲ၊ ထောပတ်စတာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုလက်စထရောပမာဏအားလုံးဟာ ကြက်ဥအနှစ်မှာပဲရှိတာကြောင့် အကာကိုတော့ ကြိုက်သလောက်စားလို့ရပါတယ်။

ကြက်ဥကိုသတိထားပြီးစားသုံးသင့်သူများ

အောက်ပါအခြေအနေမှာ အကျုံးဝင်နေသူများအနေနဲ့ ကြက်ဥစားရာမှာ သတိထား သင့်ပြီး တစ်ပတ်လျှင် (၃)-(၄)လုံးလောက်သာ (သို့) ကြက်ဥအကာကိုသာလျှင် စားသင့်ပါတယ်။

  • သွေးတိုးရှိသူများ
  • သက်ကြီးရွယ်အိုများ
  • ကိုလက်စ်ထရောလ်မြင့်မားသူများ

သွေးတိုးရှိသူများ၊ အဝလွန်သူများ၊ သက်ကြီးရွယ်အိုများအနေနဲ့ ကြက်ဥစားသုံး မှုနှုန်းကို သေချာဂရုစိုက်ဖို့လိုပြီး တစ်ပတ်ကို (၃)-(၄)လုံးအပြင် ပိုမစားသင့်ဘဲ ချင့်ချိန်စားသုံးသင့်ပါတယ်။

 အာဟာရပညာရှင်များက နှလုံးရောဂါရှိသူများဟာ တစ်ပတ်မှာ ကြက်ဥ ၄လုံးထက်ပိုပြီး မစားသင့်ဘူးလို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ သွေးတွင်းကိုလက်စထရောပမာဏမများဘူး၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလည်းမရှိတဲ့ ပုံမှန်သူတွေအတွက်ဆိုရင် တစ်ပတ်ကို ကြက်ဥ ၆ လုံး အထိ စားနိုင်တယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *