၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စလင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၁,၀၀၅)ဦးဝင်ရောက်ဖြေဆိုမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် မတ် ၁၁ ရက်မှစတင်၍ကျင်းပမည်ဖြစ်ရာ မကွေးတိုင်း၊ စလင်းမြိုနယ်မှ ကျောင်းသား၊ ကျောင်းသူ(၁၀၀၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း စလင်းမြိုနယ်ပညာရေးမှူးရုံးထံမှ သိရသည်။

စလင်းမြိုနယ်တွင် အခြေခံပညာအထက်တန်းကျောင်း အသီးသီးမှဝင်ရောက်ဖြေဆိုမည့်ကျောင်းသား(၂၉၁) ဦး၊ ကျောင်းသူ(၄၁၆)ဦး၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှဝင်ရောက်ဖြေဆိုမည့် ကျောင်းသား (၁၂၆)ဦး၊ ကျောင်းသူ(၁၇၂)ဦးရှိကြောင်း သိရသည်။

ထိုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အ.ထ.က (စလင်း)စာစစ်ဌာန၊ အ.ထ.က(ဆင်ဖြူကျွန်း)စာစစ်ဌာန၊ အ.ထ.က(တပ်တွင်း)စာစစ်ဌာနတိုကိုဖွင့်လှစ်သွားမည်ဖြစ်ကာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုလည်း ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ သက်ဆိုင်ရာစာစစ်ဌာနများ၌ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *