မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတု က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံနဲ့ ပြန်လည်ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတားတစ်စင်း ဖြစ်ချင်ပါတယ်” ဟု ဆီဟာဆက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုအပြင် ပြည်တွင်းစစ်ဒဏ် ခံရသော မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရန်အတွက် ကာလရှည်ကြာ ချမှတ်ထားသည့် အာဆီယံ၏ အစီအစဉ်ကို လိုက်နာဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
