ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)တွင် ပါဝင်တက်ရောက်ကြမည့်အရည်အချင်းကိုက်ညီသူ   နိုင်ငံ့သားကောင်းများသည်သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိသင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက်    ကျောင်းအုပ်ကြီးများကသင်တန်းဖွင့်အမှာစကားများ  ပြောကြားကြသည်။

အဆိုပါ       သင်တန်းဖွင့်ပွဲများသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ဒုတိယ တိုင်းမှူးများနှင့်တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊  စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများ   ပေးအပ်ကြပြီးသင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *