ICJ တွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံဂုဏ်ပြုပွဲ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်မည်

နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးတွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲကို ရန်ကုန်မြို၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်၌ ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်မယ်လို့ သိရပါတယ်။

ထိုပြင် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကိုပါ တစ်ပါတည်းပြုလုပ်မည်ဖြစ်ပြီး ထောက်ခံပွဲများပြုလုပ်ရာတွင် လိုက်နာကြရမည့်အချက်များနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *